ရေရှည်အကျိုးပြု ပုရစ်မွေးမြူရေးလက်စွဲ
No hay miniatura disponible
Fecha
Autores
Título de la revista
ISSN de la revista
Título del volumen
Editor
FAO ; SDKN ;
Resumen
Descripción
ဤစာအုပ်ထုတ်ဝေခြင်း၏ ရည်ရွယ်ချက် နှစ်ချက်ရှိပါသည်။ ပထမရည်ရွယ်ချက်မှာ ပုရစ်စတင် မွေးမြူသူများ လုပ်ငန်းစတင်ရာတွင် အမှားအနည်းဆုံးဖြစ်ရန်နှင့် လက်ရှိပုရစ်မွေးနေသူများအတွက် လက်တွေ့ကျသော စီမံခန့်ခွဲရေးနည်းလမ်းများ ပေးနိုင်ရန်ဖြစ်ပါသည် (အပိုင်း ၁)။ ဒုတိယရည်ရွယ်ချက်မှာ ပုရစ်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းချုပ်နိုင်ရန်နှင့် အစားအစာလုံခြုံစိတ်ချမှုရှိစေရေးတို့အတွက် လိုအပ်သော နည်းစနစ်နှင့် စံနှုန်းများကို အစိုးရအဖွဲ့အစည်းများအား အသိပေးရန်ဖြစ်ပါသည် (အပိုင်း ၂)။ ဤစာအုပ်တွင် ပုရစ်မွေးမြူရေးစီမံခန့်ခွဲမှု လမ်းညွှန်ချက်များကို ခေတ်နှင့် လျော်ညီစွာ အရှင်းလင်းဆုံးနှင့် နားလည်ရန် အလွယ်ကူဆုံး ရေးသားထားသောကြောင့် လက်ရှိပုရစ်မွေးမြူသူများနှင့် မွေးမြူလိုသူများ၊ ပညာရှင်များ၊ မွေးမြူသူများကို အကြံပေးသည့် ပညာပေးပံ့ပိုးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ စားသုံးနိုင်သည့် အင်းဆက်များမွေးမြူရေးကို အားပေးသည့် အဖွဲ့အစည်းများနှင့် အင်းဆက်မွေးမြူရေး ကဏ္ဍသစ်ကို စိတ်ဝင်စား ကြသည့် ကျောင်းသူကျောင်းသားများကို ကာလရှည်ကြာစွာ စိတ်ဒုက္ခရောက်စေခဲ့သော နည်းပညာကွာဟချက် များကို ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ ဤစာအုပ်၏အပိုင်း၂ ကို အသုံးချရန် ရည်ရွယ်ထားသော လုပ်ငန်း စောင့်ကြည့်စစ်ဆေးသူများ၊ စစ်ဆေးရေးအရာရှိများ အနေဖြင့်လည်း အပိုင်း၁ တွင်ပါဝင်သော ရေရှည်အကျိုးပြုပုရစ် မွေးမြူရေး အလေ့အထကောင်းများကို ရှေးဦးစွာ စနစ်တကျသိရှိထားသင့်ပါသည်။ အစိုးရအဖွဲ့အစည်းများ အထူးသဖြင့် စိုက်ပျိုးရေးဌာနမှ အကြံပေးပုဂ္ဂိုလ်များနှင့် အစားအစာ ဘေးကင်း လုံခြုံရေးကြီးကြပ်စစ်ဆေးသူများ အနေဖြင့် ဤစာအုပ်တွင်ပါဝင်သော အပိုင်းနှစ်ပိုင်းလုံးကို အသုံးချကာ ပုရစ်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းအဆင့် ဆင့်ကို ကျွမ်းကျင်စွာသိရှိပြီး အစားအစာဘေးကင်းလုံခြုံရေးကို ထိခိုက်နိုင်မည့် ပြဿနာများကို ရှင်းလင်းစွာသိမြင် အာရုံစိုက်ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။
