မြန်မာနိုင်ငံအလယ်ပိုင်းဒေသအပူပိုင်းဇုန် လယ်သမားကွင်းသင်တန်းကျောင်းများအတွက် စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများဆိုင်ရာ ဘက်စုံသီးနှံစီမံခန့်ခွဲမှု သင်ရိုးညွှန်းတမ်း

No hay miniatura disponible

Fecha

Autores

Título de la revista

ISSN de la revista

Título del volumen

Editor

FAO ;

Resumen

Descripción

ဤသင်ရိုးညွှန်းတမ်းတွင် ရွေးချယ်ထားသော စပါး၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်းနှင့် ကုလားပဲတို့နှင့် ဆိုင်သော ဘက်စုံပိုးမွှားနှိမ်နင်းရေး စီမံခန့်ခွဲမှုနည်းလမ်းများ (IPM) ကို အတိုချုပ် ဖော်ပြသွားမည်ဖြစ်သည်။ အင်းဆက်ပိုးမွှား၊ ရောဂါနှင့် ပေါင်းပင်များသည် သီးနှံတစ်မျိုးနှင့် တစ်မျိုးကွဲပြားနိုင်သော်လည်း ဘက်စုံ ပိုးမွှားနှိမ်နင်းရေး စီမံခန့်ခွဲမှုနည်းလမ်းများ (IPM) ၏ အခြေခံသဘောအရားမှာ အတူတူပင်ဖြစ်သည်။ ပိုးမွှားများ၏အမည်ကို သတင်းအချက်အလက် အတွက် စာရင်းပြုစုထားမည် ဖြစ်ပြီး၊ ပုံနှိပ်ထုတ်ဝေထားသော စာပေများတွင် အလွယ်တကူ ရရှိနိုင်ပြီးဖြစ်သည့်အတွက် ပိုးမွှားများ၏အသွင် သဏ္ဌာန်၊ ဇီဝဗေဒ၊ ဂေဟဗေဒနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများထက် မြန်မာပြည် အခြေအနေအတွက် ထူးခြားသည့် အရေးကြီးသော အချက်အလက်များကိုသာ လိုအပ်သလို အကျဉ်းချုပ် ရှင်းလင်းတင်ပြသွားမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ သီးနှံအထွက်နှုန်းကို လျော့ကျစေသော အပင်ရောဂါ၊ ပေါင်းပင်နှင့် ကြွက်များ အပါအ၀င် ပိုးမွှားများနှင့်ပတ်သက်၍ တောင်သူလယ်သမား များ၏ အသိပညာတိုးတက် စေရန်ဖြစ်ပြီး၊ လယ်သမားများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးအတွက် သဘာ၀ အရင်းအမြစ်များကို ယိုယွင်းပျက်စီးခြင်းမရှိစေဘဲ သီးနှံထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် ကောက်ပဲသီးနှံများကို မည်သို့စီမံခန့်ခွဲရမည်ဆိုသည်ကို သိရှိစေရန်ဖြစ်သည်။

Palabras clave

Citación