ဗဟိုစိုက်ပျိုးရေးသုတေသနနှင့်လေ့ကျင့်ပညာပေးဌာန ToT (Ttraining of Trainers) တစ်ပတ်ကြာဆရာဖြစ်သင်တန်း တွင်သင်ကြားမည့် ရာသီဥတုနှင့်လိုက်လျောညီထွေသောစိုက်ပျိုးရေး သင်ရိုးညွှန်းတမ်း
No hay miniatura disponible
Fecha
Autores
Título de la revista
ISSN de la revista
Título del volumen
Editor
FAO and AVSI ;
Resumen
Descripción
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ပံ့ပိုးမှုအဖွဲ့၏ ထောက်ပံ့မှုဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနတို့နှင့်ပူးပေါင်းကာ "မြန်မာနိုင်ငံ၏ဦးစားပေး ဂေဟစနစ်များနှင့်ရေရှည် တည်တံ့သော စိုက်ပျိုးမြေ နှင့်သစ်တောမြေစီမံခန့်ခွဲမှု" စီမံကိန်းတစ်ခုကို Global Environmental Facility (GEF) ရန်ပုံငွေ အထောက်အပံ့ဖြင့်အကောင်အထည်ဖော်လျက်ရှိပါသည်။ထိုစီမံကိန်းသည်ကုန်ထုတ်လုပ်မှု ရေရှည်မြင့်မားလာစေ ရန်၊ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေရှိစေရန်နှင့်ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ် လုပ်မှုကို လျော့ချ/ဖယ် ရှားရာတွင်အထောက်အကူပြုမည့်အလေ့အထများနှင့် ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေးမူဝါဒ များကိုလိုက်နာကျင့်သုံးရာတွင် လွယ်ကူချောမွေ့စေပြီး အမျိုးသားအဆင့်စားနပ်ရိက္ခာဖူလုံမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များကိုအောင်မြင်မှုများ ပိုမိုရရှိစေရန် ရည်ရွယ် ပါသည်။
စီမံကိန်းသည် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံများ၊ စိုက်ပျိုးရေးသုတေသန ဦးစီး ဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့တွင် သင်ကြားပို့ချလျက်ရှိသောသင်တန်းများတွင် CSA/SLMကို ထည့်သွင်း ၍ပို့ချနိုင်ရန်အတွက် CSA/SLM သင်တန်းအစီအစဉ် တစ်ခု ရေးဆွဲရန် ရည်ရွယ်ပါသည်။ စီမံကိန်းသည် DoA၊ DAR၊ SAI၊ YAU တို့နှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်း များ၊သင်တန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များတွင် CSA ကိုပေါင်းစပ်ထည့်သွင်း သွား မည်ဖြစ်ပါသည်။ သင်တန်းအစီအစဉ်သည် သက်ဆိုင်ရာအဖွဲ့အစည်း၏ သဘောသဘာဝနှင့် လိုအပ်ချက်ပေါ်တွင် မူတည်ပြီး ကွဲပြားခြားနားမည်ဖြစ်သည်။ ဥပမာအားဖြင့် (၁) YAU တွင်ပို့ချလျက်ရှိသောဘွဲ့ကြို၊ဘွဲ့လွန်သင် တန်းများ၊ (၂) စိုက်ပျိုးရေး သိပ္ပံ များတွင် ပို့ချလျက်ရှိသော ဒီပလိုမာ ကျောင်းသားများ အားသင်ကြားခြင်း (၃) ဗဟိုစိုက်ပျိုးရေးသုသေတနနှင့် လေ့ကျင့်ပညာပေးဌာန(CARTC)မှ တစ်လကြာ ပို့ချသည့်သင်တန်း (သို့) မွမ်းမံသင်တန်း များတွင်အခြားဘာသာရပ်များနှင့် ပူးတွဲလျက်၊ (၄)DoA၊ DAR နှင့် YAUတို့မှ အကြီးတန်း ပညာပေးဝန်ထမ်းအတွက် တစ်ပတ်ကြာဆရာဖြစ်သင်တန်းတို့အတွက် CSAအစိတ်အပိုင်းကို ပေါင်းစပ် သင်ကြားရန်တို့ဖြစ်သည်။ ဤသင်ရိုးညွှန်းတမ်းသည်သင်တန်းဆရာများအတွက် CSA နှင့် သက်ဆိုင် သည့် ခေါင်းစဉ်များကိုတစ်ပတ်ကြာသင်တန်း ပြင်ဆင်ရန်မှီငြမ်းစာအုပ်အဖြစ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
