စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းလက်စွဲ
No hay miniatura disponible
Fecha
Autores
Título de la revista
ISSN de la revista
Título del volumen
Editor
FAO ;
Resumen
Descripción
အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးသည် အလွန်အရေးကြီးပြီး အာဟာရတန်ဖိုးနှင့် အရည်အသွေးထက် စားသုံးသူများ ပိုမိုအလေးထားသော အချက်တစ်ခု ဖြစ်လာခဲ့ပါသည်။ နိုင်ငံတကာ စားနပ်ရိက္ခာ ကုန်စည်ရောင်းဝယ်မှုတွင် အစားအစာ ဘေးကင်းရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတို့ကို လိုက်နာရန် လိုအပ်လာပါ သည်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ရာသီဥတုနှင့်လိုက်လျောညီထွေသည့် နည်းလမ်းများဖြင့် ထုတ်လုပ်သောအစားအစာ ကုန်စည်များသည် ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များ တွင် လယ်ယာထွက်ကုန်/ထုတ်ကုန် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးသည် ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာနှင့်အာဟာရဖူလုံရေးတွင် အဓိကကျပါသည်။ GAP လယ်သမားများအပါအဝင် ဆက်စပ်သော ပါဝင်ပတ်သက်သူများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးသည် တောင်သူလယ်သမားများ၏ ကွင်းလုပ်ငန်းအဆင့်တွင် GAP မြှင့်တင်ရေး အတွက် မရှိမဖြစ်လိုအပ်ပါသည်။ လက်ရှိ သင်တန်းလက်စွဲစာအုပ်တွင် အတွဲနှစ်တွဲပါရှိပြီး ပထမအတွဲတွင် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ထုတ်ကုန် အရည်အသွေး ကောင်းမွန်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝ သာယာရေးကဏ္ဍတို့အတွက် မြန်မာနှင့် အာဆီယံ GAP အဓိက စံနှုန်းများ၊ လိုက်နာမှု စံနှုန်းများနှင့်အညီ GAP ဆိုင်ရာ ယေဘုယျလမ်းညွှန်ချက်များကိုဖော်ပြထားပါသည်။ ဒုတိယအတွဲ တွင် ရိတ်သိမ်းချိန်မတိုင်မီ နှင့် ရိတ်သိမ်းချိန်လွန်ပြုပြင်ခြင်း၊ ထုပ်ပိုးပစ္စည်း/ ထုပ်ပိုးခြင်းအပါအဝင် တိကျသော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAPs) ကို ရည်မှန်းထားသော သီးနှံများ အတွက် အဓိကထားပြီး ဖော်ပြထားပါသည်။ GAP စံချိန်စံညွှန်းဆိုင်ရာ အခြားသော အရင်းအမြစ်များ အထူးသဖြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အတွက် FAO ၏ GAP အစီအစဉ်များကိုလည်း လက်စွဲစာအုပ်တွင်ပါရှိသော သက်ဆိုင်ရာအလေ့အကျင့်များ တွင်ပူးတွဲဖော်ပြ ထားပါသည်။
