တိရစ္ဆာန်တွင် ကူးစက်ရောဂါဖြစ်ပွားကြောင်း သိရှိပါကသက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်း

dc.creatorFAO
dc.date2024-05-23T14:00:15Z
dc.date2024-05-23T14:00:15Z
dc.date2024
dc.date2024-05-23T13:58:21Z
dc.date.accessioned2026-06-27T21:07:41Z
dc.descriptionထိရောက်သောရောဂါစောင့်ကြည့်စစ်ဆေးရေးစနစ်သည် ရောဂါဖြစ်ပွားမှုကို စောစောသိရန် အထောက်အကူပြုသဖြင့် ရောဂါဖြစ်ပွားမှုကိုသတင်းပို့အစီရင်ခံခြင်း၊ အသိပညာပေးခြင်း၊ ထိရောက်စွာ ထိန်းချုပ်ခြင်းတို့အတွက် အရေးပါသကဲ့သို့ အရေးပေါ်ကြိုတင်ပြင်ဆင်ခြင်းအတွက်လည်း အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ တိရစ္ဆာန်ကပ်ရောဂါများကို ကာကွယ်ထိန်းချုပ်ရာတွင် အောင်မြင်မှုရရှိရေးအတွက် သော့ချက်တစ်ခုမှာ ရောဂါကိုစောစီးစွာရှာဖွေတွေ့ရှိခြင်းဖြစ်ပါသည်။ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ အပါအဝင် မွေးမြူသူများနှင့် အနီးကပ်ထိတွေ့နေကြသူများက ရောဂါဖြစ်ပွားမှုသတင်းကို သက်ဆိုင်ရာသို့ ပေးပို့အစီရင်ခံခြင်းသည် တစ်ဆင့်ခံစောင့်ကြည့်စစ်ဆေးခြင်း (passive surveillance) ကို ပိုမိုကောင်းမွန် လာစေရန်များစွာ အထောက်အကူပြုပါသည်။ဤမှတ်စုတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများကို အထောက်အကူဖြစ်စေမည့် - တိရစ္ဆာန် များတွင် ဖြစ်ပွားတတ်သည့် စာရင်းဝင်ကူးစက်ရောဂါများ၊ တစ်ဆင့်ခံစောင့်ကြည့်စစ်ဆေးခြင်းတွင် တိရစ္ဆာန် ကျန်းမာရေးလုပ်သားများ၏ အခန်းကဏ္ဍ၊ တိရစ္ဆာန်ရောဂါဖြစ်ပွားမှုသတင်း ပေးပို့ခြင်း၊ တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ‘တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားကြောင်း သတင်းပေးပို့ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ’ စသည်တို့အပြင် သတင်းပေးပို့ရမည့် တိရစ္ဆာန်ကူးစက်ရောဂါ ၁၂ မျိုး၏ ထင်ရှားသည့်လက္ခဏာများကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားပါသည်။ အဆိုပါအကြောင်းအရာများသည် တိရစ္ဆာန်ဆေးကုအာဏာပိုင်က ဆောင်ရွက်လျက် ရှိသော တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို အထောက်အကူဖြစ်စေပါလိမ့်မည်။ ထိုမှတစ်ဆင့် တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ မွေးမြူရေးနှင့်အသက်မွေးဝမ်းကျောင်းပြုသူများ ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးတို့အပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် အမှတ်စဉ် ၁ နှင့် ၂ ဖြစ်သည့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ငတ်မွတ်ခေါင်းပါးမှု မရှိစေရေးတို့ကိုပါ တစ်ဖက်တစ်လမ်း မှ ဖြည့်ဆည်းကူညီပေးရာ ရောက်ပါလိမ့်မည်။
dc.format41 p.
dc.formatapplication/pdf
dc.identifierhttps://openknowledge.fao.org/handle/20.500.14283/cd0882my
dc.identifier.urihttp://hdl.handle.net/123456789/214147
dc.languageBurmese
dc.publisherFAO ;
dc.rightsFAO
dc.rightsCC BY NC SA 3.0 IGO
dc.titleတိရစ္ဆာန်တွင် ကူးစက်ရောဂါဖြစ်ပွားကြောင်း သိရှိပါကသက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်း
dc.titleInfectious disease report
dc.titleတိရစ္ဆာန်ကျန်းမာရေးလုပ်သားများအတွက်မှတ်စု
dc.titleNote for animal health workers
dc.typeBooklet

Archivos