စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ

No hay miniatura disponible

Fecha

Autores

Título de la revista

ISSN de la revista

Título del volumen

Editor

FAO ;

Resumen

Descripción

ယခု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများသည်နှမ်းစိုက်ပျိုးထုတ်လုပ်ရာတွင်Myanmar GAP ၊ ASEAN GAP တို့နှင့်အညီ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ သီးနှံများ၏အရည်အသွေးနှင့် လုပ်သားများကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် လူမှုဘဝ သာယာရေးကဏ္ဍများ ပါဝင်ပါသည်။ ရည်ရွယ်ချက်မှာ အရည်အသွေးကောင်းပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် နှမ်းကုန်ကြမ်းနှင့် ကုန်ချောစိုက်ပျိုးထုတ်လုပ်မှုနှင့် စီမံဆောင်ရွက်မှု စံနှုန်းများကို ထည့်သွင်း စဉ်းစားရန် ဖြစ်ပါသည်။ ဤစံသတ်မှတ်ချက်သည် Myanmar GAP guidelines, 2018 နှင့် ASEAN GAP သတ်မှတ်ချက်တို့ ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြထားပါသည်။ GAP စံသတ်မှတ်ချက်သည် စပါးစိုက်ပျိုးမှု နည်းလမ်းများ ပြည့်စုံစွာပါဝင်သော လုပ်ငန်းမှတ်တမ်းဖြစ်ပါသည်။ စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်ကို မြန်မာနိုင်ငံ၌ မိုးစပါးတွင် ၄၉ %၊ နွေစပါး ၇၈ % ရှိကြောင်း တွေ့ရှိရပါသည်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း များ၏ အဓိက ဦးတည်ချက်မှာ အစားအစာများ ဘေးအန္တရာယ် ကင်းရှင်း ရေး ဖြစ်ပါသည်။ ကွဲပြားသော ဒေသများနှင့် စိုက်ပျိုးဂေဟစနစ်တို့၌ စပါးစိုက်ပျိုးထုတ်လုပ်ရာ၌ လိုအပ်မှုများ တူညီမှုမရှိနိုင်ပါ။ မတူညီသော ရေမြေရာသီဥတု အနေအထားအလိုက် စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် ကွဲပြားခြားနားသော ရာသီဥတု၊ စိုက်ချိန်၊ မြေအမျိုးအစားအလိုက် စပါးစိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များကြောင့် အပူပိုင်းဇုံဒေသ အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးရာတွင် စိုက်ပျိုးနည်းစနစ် တစ်ခုတည်းကို အလေးထား ဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ပျိုးသက်နု ကောက်ကွက်ကြဲ စပါးစိုက်ပျိုးနည်းစနစ် (SRI) ကို မြန်မာနိုင်ငံတွင် စတင် ဆောင်ရွက်နေသော်လည်း အပင်ပြုစု စောင့်ရှောက်မှုလုပ်ငန်းများ ဂရုတစိုက် ဆောင်ရွက်ရခြင်း နှင့် တောင်သူများ လိုက်နာဆောင်ရွက်နိုင်မှု အကန့်အသတ်ရှိခြင်းတို့ကြောင့် တောင်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်မှုမရှိပါ။ ကနဦးအဆင့်ရှိသော်လည်း ယေဘုယျအားဖြင့် တောင်သူ အဆင့်၌ လိုက်လျောညီထွေမှု မရှိသေးပါ။ အဓိက စပါးစိုက်တောင်သူများ၏ စွမ်းဆောင်ရည် အကန့်အသတ် ရှိနေခြင်းနှင့် သီးနှံစိုက်ပျိုးမှု၌ အသေးစိတ် စီမံမှုအချက်အလက် များကြောင့်ဖြစ်ပါသည်။ ဤနည်းလမ်းသည် ခေတ်မီနည်းပညာရပ် တစ်ခုဖြစ်ပြီးပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိစေမည့် စပါး စိုက်ပျိုးရေး၌ အထောက်အကူဖြစ်ရန် လိုအပ်ပါသည်။ လောလောဆယ်အနေဖြင့် ဤနည်းပညာကို စိုက်ပျိုးရေးဦးစီးဌာနမှ တိုးမြှင့် လုပ်ဆောင်လျှက်ရှိပါသည်။

Palabras clave

Citación