စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ
No hay miniatura disponible
Fecha
Autores
Título de la revista
ISSN de la revista
Título del volumen
Editor
FAO ;
Resumen
Descripción
ကုလားပဲသီးနှံ (Cicer arietinum L) သည် မြန်မာနိုင်ငံ၊ အပူပိုင်းဇုန်ဒေသတွင် စိုက်ပျိုးသော ပဲမျိုးစုံ သီးနှံများအနက် ဒေသတွင်းရိက္ခာဖူလုံရေး၊ အာဟာရပြည့်၀ရေးနှင့် တောင်သူများ၏ ဝင်ငွေရရှိရေးအတွက် အရေးပါသောသီနှံတစ်ခုဖြစ်ပါသည်။ တောင်အာရှဒေသအတွင်း ကုလားပဲစိုက်ပျိုး ထုတ်လုပ်ရေးတွင် အိန္ဒိယနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် ဒုတိယနေရာ၌ ရှိပါသည်။ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် (ICRISAT) တို့ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပြီး အထွက်ကောင်းကုလားပဲမျိုးများ ထုတ်လုပ် နိုင်ခြင်းကြောင့် ကုလားပဲထုတ်လုပ်မှု (၈)ဆထိ တိုးမြင့်ခဲ့ပါသည်။ တန်ဘိုးမြှင့် ထုတ်ကုန်နှင့် တန်ဘိုးကွင်းဆက်လုပ်ငန်းများ မြှင့်တင်ခြင်းအပါအဝင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို လက်ခံကျင့်သုံးခြင်းဖြင့် ကုလားပဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
စိုက်ပျိုးရေးနှင့် ဆက်နွယ်သော သဘာဝ ဂေဟဗေဒစနစ်နှင့် ဘိုးဘွား အစဉ်အဆက် လက်ခံကျင့်သုံးခဲ့သည့် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများပေါ်အခြေခံသော အဆိုပါအလေ့အကျင့်ကောင်းများသည် အရင်းအနှီး ချို့တဲ့သော လုပ်ကွက်ငယ် တောင်သူများအနေဖြင့် အလွယ်တကူ လိုက်နာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အရည်အသွေးကောင်းမွန်သော စိုက်ပျိုးရေးသွင်းအားစုများကိုရွေးချယ်၍ စနစ်တကျမှန်ကန်စွာ အသုံးပြုခြင်း ဖြင့် အကန့်အသတ်ရှိသော လယ်ယာအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ပြီး စားသုံးသူ၏ လိုအပ်ချက်ဖြစ်သော အရည်အသွေးမြင့်မားပြီး ဘေးအန္တရာယ်ကင်းသည့် အစားအစာများ ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။ ကုလားပဲစိုက်ပျိုးသူ တောင်သူအစုအဖွဲ့များ အားကောင်းလာစေရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် စီမံကိန်းအထောက်အပံ့ဖြင့် စျေးကွက် ချိတ်ဆက်ဆောင်ရွက်မှု ပံ့ပိုးကူညီမှုများသည် စိုက်ပျိုးထုတ်လုပ်မှုနှင့် သယံဇာတစီမံခန့်ခွဲရေးလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက် အလွန်အရေးကြီး ပါသည်။ FAO-GAFSP-CFAVC အစီအစဉ်ဖြင့် သီးနှံ (၅)မျိုး (နှမ်း၊ မြေပဲ၊ ပဲတီစိမ်း ၊ ကုလားပဲ နှင့် စပါး) အတွက် GAP နည်းပညာ ပြန့်ပွား ရေးဆောင်ရွက်ရာတွင် မြန်မာနှင့် အာဆီယံ GAP စံနှုန်းများကို အခြေခံ၍ လက်ရှိ GAP စံနှုန်းများကို မြှင့်တင်ပေးနိုင်ရန်ဖြစ်ပါသည်။
ယခုကုလားပဲ GAP တွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး၊ သီးနှံများ၏အရည်အသွေးနှင့် လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လူမှုဘဝသာယာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများ ပါဝင်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများအား လက်တွေ့ ဆောင်ရွက်ခြင်းဖြင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ သီးနှံအရည်အသွေး ကောင်းမွန်ရေးနှင့် စီမံကိန်းဧရိယာအတွင်း ဂေဟစနစ်ရေရှည်တည်တံ့ခိုင်မြဲရေး တို့အတွက်များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။ ယခုကုလားပဲသီနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအား GAP သီးနှံလက်ရှိ စိုက်ပျိုးထုတ်လုပ်မှုအပေါ် ကွင်းဆင်းလေ့လာဆန်းစစ်မှုများ၊ လုပ်ငန်းစဉ်တစ်လျောက်ပါဝင် ပတ်သက်သူ များနှင့် ဆွေးနွေးမှုများ၊ လက်တွေ့ကျသောအကြံပြုချက်များအား ခိုင်မာသော အခြေခံအချက် အလက်များ အဖြစ်စုစည်းပြီး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ပြုစုခဲ့ခြင်းဖြစ်ပါသည်။ GAP နည်းပညာ ပြန့်ပွားရေးဆောင်ရွက်ရာတွင် စိုက်ပျိုးသူတောင်သူများ၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများနှင့် တန်ဘိုးကွင်းဆက် လုပ်ငန်းတစ်လျောက် ပါဝင်သူများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများ ပါဝင်ပါသည်။ ယခုဖေါ်ပြထားသည့် ကုလားပဲသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများတွင် အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ကုလားပဲသီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် မရိတ်သိမ်းမီ နှင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ၊ တောင်သူများလွယ်လင့်တကူ လိုက်နာဆောင်ရွက်နိုင်မည့် အဓိကကျသောနည်းပညာဆိုင်ရာ အချက်အလက် များ ပါဝင်ပါသည်။
တောင်သူအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ နည်းပညာအကူအညီပေးခြင်းနှင့် စျေးကွက်ချိ တ်ဆက် ဆောင်ရွက် မှုများမှာ နည်းပညာပြန့်ပွားရေးဆောင်ရွက်ရာတွင် အရေးကြီးလုပ်ငန်းများ အဖြစ် ပါဝင်နေပါသည်။ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကွင်းသရုပ်ပြကွက်များ၊ လယ်သမားကွင်း သင်တန်းကျောင်းများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာများ (ICT နည်းပညာများ) ကိုလည်း အားဖြည့် သုံးစွဲရန်လိုအပ်မည်ဖြစ်ပါသည်။ GAP နည်းစနစ် လိုက်နာ ကျင့်သုံးသော တောင်သူလယ်သမား များအတွက် အထောက်အကူဖြစ်စေမည့် သီးနှံအလိုက် ဘက်စုံသီးနှံစီမံခန့်ခွဲရေး (IPM) လက်စွဲ စာအုပ်များနှင့် FFS သင်ရိုးညွှန်းတမ်းများကိုလည်း ပူးတွဲဖော်ပြထားပါသည်။
