ဘိုကလေးဒေသရှိ အသေးစား ငါးလုပ်ငန်းများအတွက် ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲခြင်း စနစ် နှင့် သန့်ရှင်းသော အရည်အသွေးမြင့် ထုတ်ကုန်ထုတ်လုပ်ခြင်း နည်းလမ်းများ

No hay miniatura disponible

Fecha

Título de la revista

ISSN de la revista

Título del volumen

Editor

FAO ;

Resumen

Descripción

ဤသင်တန်းလက်စွဲစာအုပ်သည် အသေးစားငါးလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စုများကို ငါးပုစွန်များဖမ်းဆီးပြီးနောက် စီမံခန့်ခွဲခြင်းစနစ် နှင့် သန့်ရှင်းသော အရည်အသွေးမြင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းလမ်းများကို ကောင်းစွာသိရှိ နားလည်၍ လက်တွေ့ တွင် အသုံးချနိုင်ရန်ရည်ရွယ်ပါသည်။ ဘိုကလေးဒေသရှိ အသေးစားငါးလုပ်ငန်းအစုအဖွဲ့တို့၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် ငါးပုစွန်များကို ဖမ်းဆီးပြီး‌နောက် အလေအလွင့်များလျော့ချပြီး၊ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းသောပင်လယ်စာ စားသောက်ကုန်များကို ထုတ်လုပ်နိုင်ရန်၊ တဆက်တည်းမှာလည်း ရေရှည်တည်တံ့မှုကိုဖြစ်စေသော အလေ့အကျင့်ကောင်းများကို အားပေးရန် ရည်ရွယ်ပါသည်။ ဤသင်တန်းလက်စွဲစာအုပ်ကို ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲခြင်းစနစ်၊ ရေထွက်ကုန်များ ပြုပြင်ထိန်းသိမ်းခြင်း နှင့် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းလမ်းများ၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး အခြေခံ သဘောတရားများ နှင့် ကြိုတင် ကာကွယ်ရန် နည်းလမ်းများ၊ ကောင်းမွန် သန့်ရှင်းသော ထုတ်လုပ်မှု ကျင့်စဉ်များ ဟူ၍ အပိုင်း (၄)ပိုင်း ခွဲကာပြုစုထားပါသည်။

Palabras clave

Citación