မြေယာလုပ်ပိုင်ခွင့်ကို တန်ဖိုးဖြတ်သတ်မှတ်ခြင်း။

No hay miniatura disponible

Fecha

Autores

Título de la revista

ISSN de la revista

Título del volumen

Editor

FAO ;

Resumen

Descripción

ဤလမ်းညွှန်စာအုပ်တွင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် မြေယာပိုင်ဆိုင်ခွင့်ကို တန်ဖိုးဖြတ်ခြင်းနှင့် သတ်မှတ်ခြင်း များနှင့် ဆက်စပ်သော ပြဿနာရပ်များ ပါဝင်ပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော တရားမျှတပြီး၊ယုံကြည်စိတ်ချရသော ပွင့်လင်းမြင်သာမှုရှိသော အမူအကျင့်များဖြင့် တန်ဖိုးဖြတ်သတ်မှတ်ခြင်းကို မည်သို့ လုပ်ဆောင်ရမည် ဆိုသည့် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်ကို ပံ့ပိုးပေးပါသည်။ ယင်းသည် တန်ဖိုးဖြတ်ခြင်းက မည်မျှအရေးကြီး ကြောင်းရှင်းပြပြီး မည်သည့်နေရာနှင့်မည်သည့်အချိန်တွင် အသုံးချသင့်သည်၊ မည်သူကပြုလုပ်သင့်သည် စသော အချက်များကိုလည်းထည့်သွင်း ရှင်းလင်းတင်ပြထားပါသည်။ ဤစာအုပ်သည် မြေယာတန်ဖိုးဖြတ်ခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်တစ်အုပ်ဖြစ်ရန် မရည်ရွယ်ပါ။ သို့သော် မြေယာဆိုင်ရာမူဝါဒ ၊ အုပ်ချုပ်ရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နေရသောသူများနှင့် မြေယာပိုင်ဆိုင်ခွင့် ဆုံးဖြတ်ချက်များကြောင့် ခံစားသက်ရောက်မှုရှိနေသူများအကြား မြေယာ တန်ဖိုးဖြတ်သတ်မှတ်ခြင်း ပြဿနာ များနှင့် လုပ်ငန်းစဉ်များအား သတိပြုသိရှိ နားလည်မှု မြင့်မားရန်သာ ရည်ရွယ်ပါသည်။ ဤလမ်းညွှန်စာအုပ်သည် မြေယာအပေါ်တွင် အဓိကထားသော်လည်း ယင်းသည် ငါးလုပ်ငန်း၊သစ်တောလုပ်ငန်းနှင့် အခြားသဘာဝသယံဇာတအရင်းမြစ်များပါ အသုံးချနိုင်သော အသုံးဝင်သော နည်းလမ်းပိုင်းဆိုင်ရာ လမ်းညွှန်ချက်ကို လည်း ပံ့ပိုးပေးပါသည်။ ယင်းကို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် တန်ဖိုးဖြတ်သတ်မှတ် ခြင်းအသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် အဖွဲ့အစည်းများအကြောင်း သိရှိနားလည်မှုနည်းပါသော အသွင်ကူးအပြောင်းနိုင်ငံ များအတွက် အဓိကအားဖြင့်ရည်ရွယ်ပါသည်။ ဓလေ့ထုံတမ်းအရ သို့မဟုတ် အလွတ်သဘောနှင့် တရားဝင်မဟုတ်သည့်မြေယာစနစ်များ ပါဝင်သည့်မြေယာပိုင်ဆိုင်ခွင့်များသည် ရှင်းလင်းမှုနည်းပါးပြီး တရားဥပဒေ သို့မဟုတ် စည်းမျဉ်းသတ်မှတ်ချက်များကလည်း တရားဝင်မဟုတ်ကြပါ။

Palabras clave

Citación