မန္တလေးတိုင်းဒေသကြီး(အပူပိုင်းဇုန်ဒေသများ)ရှိလယ်သမားကွင်းသင်တန်းကျောင်းများတွင် အသုံးပြုမည့် ရာသီဥတုနှင့်လိုက်လျောညီထွေသောစိုက်ပျိုးရေး သင်ရိုးညွှန်းတမ်း
No hay miniatura disponible
Fecha
Autores
Título de la revista
ISSN de la revista
Título del volumen
Editor
FAO and AVSI Foundation ;
Resumen
Descripción
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့သည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့နှင့်ပူးပေါင်းကာ “မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဂေဟစနစ်မတူညီသည့်ဒေသများတွင်အကောင်အထည်ဆောင်ရွက်မည့် ရေရှည်တည်တံ့သည့် စိုက်ပျိုးမြေနှင့်သစ်တောစီမံခန့်ခွဲမှု” စီမံကိန်း (“Sustainable Cropland and Forest Management in Priority Agro-ecosystems of Myanmar (SLM-GEF)” စီမံကိန်းကို (Global Environmental Facility) ရန်ပုံငွေအထောက်အပံ့ဖြင့်အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါသည်။
လုပ်ငန်းစီမံချက်အရမတူကွဲပြားသည့်စိုက်ပျိုးဂေဟဇုန်လယ်သမားကွင်းသင်တန်းများကိုထိရောက် စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လယ်သမားကွင်းသင်တန်းကျောင်း သင်ရိုးညွှန်း တမ်း များကို AVSI Foundation နှင့် ပူးတွဲ၍ ရေးဆွဲခဲ့ပါသည်။ ၎င်းသင်ရိုးညွှန်းတမ်းများကို စိစစ်အကဲဖြတ်ပြီးနောက်စိုက်ပျိုးရေးဂေဟဇုန်(၃)ခုလုံးအတွက်လယ်သမားကွင်းသင်တန်းသုံးလက်စွဲစာအုပ်များအဖြစ် မြန်မာ၊အင်္ဂလိပ်နှစ်ဘာ သာဖြင့်ဆက်လက်ရေးသားပြုစုခဲ့ပါသည်။ ဤသင်ရိုးညွှန်းတမ်း စာအုပ်သည် မန္တလေးတိုင်းဒေသကြီး (အပူပိုင်းဇုန်ဒေသများ) ရှိ လယ်သမား ကွင်းသင်တန်း ကျောင်းများ တွင်အသုံးပြုမည့်တွင်ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေး နည်းပညာများနှင့် အလေ့အကျင့် များကိုလယ်သမားကွင်းသင်တန်းကျောင်းအကောင်အထည်ဖော်ရာတွင်ကူညီပံ့ပိုးသူနှင့်လယ်သမားကွင်းသင် တန်း ကျောင်းကော်မတီဝင် လယ်သမားများအာအထောက်အကူပြုစေရန်အတွက်ရည်ရွယ်ပါသည်။
