စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ

No hay miniatura disponible

Fecha

Autores

Título de la revista

ISSN de la revista

Título del volumen

Editor

FAO ;

Resumen

Descripción

စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ထိရောက် သော အကျိုးသက်ရောက်မှုရရှိရေး ဦးတည်သည့် ကွင်းအခြေပြု လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ခြင်း၊ တောင်သူခေါင်းဆောင် အဖွဲ့အစည်းများ၊ အစိုးရ ပုဂ္ဂလိက မိတ်ဖက်အဖွဲ့အစည်းများ၊ တန်ဖိုးကွင်းဆက် လုပ်ငန်းတစ်လျှောက် ပါဝင်ပတ်သက် သူများ အားလုံး၏ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို အတူတစ်ကွ ပူးပေါင်း ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။ ယခုဖေါ်ပြထားသည့် နှမ်းသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများတွင် ထောက်ခံအကြံပြုချက် တစ်ခုချင်းအလိုက် တောင်သူများ လွယ်လင့်တကူ လိုက်နာ ဆောင်ရွက်နိုင်မည့် အဓိကကျသော နည်းပညာ ဆိုင်ရာအချက်အလက်များ ပါဝင်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးမှု တိုးမြှင့်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကွင်းသရုပ်ပြကွက်များ စနစ်တကျ ပြုလုပ်ပညာပေးခြင်း၊ စျေးကွက်၊ သွင်းအားစု ရောင်းချသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့် ထုတ်လုပ်သူတောင်သူ လယ်သမား များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ပညာပေးလုပ်ငန်းများကို အဓိကထား၍ ဆောင်ရွက်မည်ဖြစ်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းများတွင် လယ်သမားကွင်းသင်တန်းကျောင်းများ (FFS) ၊ IPM သင်တန်းများ၊ ကွင်းလေ့လာရေးခရီးများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာများ (ICT) ကိုလည်း အားဖြည့် သုံးစွဲရန် လိုအပ်ပါသည်။ စိုက်ပျိုးပညာပေး ဝန်ထမ်းများ၊ GAP နည်းစနစ် လိုက်နာကျင့်သုံးသော တောင်သူ လယ်သမားများနှင့် ပါဝင်ပတ်သက်သူများ အားလုံးအတွက် အထောက်အကူ ဖြစ်စေမည့် သီးနှံအလိုက် IPM လက်စွဲစာအုပ်များနှင့် FFS သင်ရိုးညွှန်းတမ်းများကိုလည်း ပူးတွဲဖာ်ပြထားပါသည်။

Palabras clave

Citación