2026-06-28http://hdl.handle.net/123456789/328467ဤလမ်းညွှန်ချက်များသည် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများအကြား ညှိနှိုင်းတိုင်ပင်၍ ပထမဆုံးရေးဆွဲပြဌာန်းသော လုပ်ပိုင်ခွင့်နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ပြည့်စုံသည့် နိုင်ငံတကာ မူဘောင်တစ်ရပ်ဖြစ်သည်။ ဤလမ်းညွှန်ချက်များတွင် မြေယာ၊ ငါးလုပ်ငန်းနှင့် သစ်တောများအား အသုံးပြုပုံ၊ စီမံကိုင်တွယ်ပုံ တာဝန်ယူမှုရှိသော နည်းလမ်းများနှင့် စပ်လျဥ်း၍ အခြေခံမူများနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများကို ဖော်ပြထားပါသည်။ လုပ်ပိုင်ခွင့် စီမံအုပ်ချုပ်မှု စနစ်များ၏ ပွင့်လင်းမြင်သာမှု တိုးမြင့်စေရန်၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် အကျိုးသက်ဆိုင်သူ ပြည်သူများ လုပ်ပိုင်ခွင့် စီမံအုပ်ချုပ်ရာတွင် အရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ပိုင်ခွင့်များအား စီမံထိန်းချုပ်သည့် မူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များ တိုးတက်စေရေး အတွက် လမ်းညွှန်ချက်များ ဖြည့်ဆည်းပေးထားပါသည်။ ဤလမ်းညွှန်ချက်များတွင် လုပ်ပိုင်ခွင့် စီမံအုပ်ချုပ်မှုအား အမျိုးသားစားနပ်ရိက္ခာဖူလုံရေး ရှုဒေါင့်မှသုံးသပ်ထား၍ စားနပ်ရိက္ခာလုံလောက်စွာ ရပိုင်ခွင့်အား တစ်ဆင့်ချင်းစီ ဖြည့်ဆည်းပေးရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် လူမှုစီးပွား ကဏ္ဍများ ရေရှည်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်ပါသည်။67 p.application/pdfFAOCC BY NC SA 3.0 IGOအမျိုးသား စားနပ်ရိက္ခာဖူလုံရေးအတွက် မြေယာ၊ ငါးလုပ်ငန်းနှင့် သစ်တောများ လုပ်ပိုင်ခွင့်အား တာဝန်ယူမှုရှိစွာ စီမံအုပ်ချုပ်ခြင်း ဆိုင်ရာ မိမိဆန္ဒအလျောက် လိုက်နာနိုင်သောလမ်းညွှန်ချက်များThe Voluntary Guidelines on the Responsible Governance of Tenure of Land, Fisheries and Forests in the Context of National Food SecurityBook (stand-alone)